မတ်လအတွင်း ရခိုင် နိုင်ငံရေး ပါတီ တပါတီမှ မှတ်ပုံတင်ခြင်း မဟိသ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မချန်သို့ မတ်လအတွင်း နိုင်ငံရေး ပါတီ ၅ ခု မှတ်ပုံ တင်ခသော်လည်း ရခိုင် နိုင်ငံရေး ပါတီ တခုတလေမှ မှတ်ပုံတင်ခြင်း မဟိသိကြောင်း သတင်း ရဟိသည်။ Read more...

Monday, July 19, 2010

သစ်မှောင်ခိုဘုတ်ဖြင့် အရက်နှင့် ဘီယာများ တင်သွင်းလာသူ မြန်မာနိုင်ငံသားများ ဘင်္ဂလာတွင် ဖမ်းဆီးခံရ

7/19/2010
မောင်အေး

သစ်မှောင်ခို ဘုတ်တစီးဖြင့် အရက်နှင့် ဘီယာများ တင်သွင်းလာသည့် မြန်မာနိုင်ငံသား ၁၀ ဦးထက် မနည်းကို တနင်္လာနေ့နံနက်က တက်ကနက် ဆိပ်ကမ်းတွင် ဘင်္ဂလာရေတပ်က ဖမ်းဆီးလိုက်သည်။

တက်ကနက် ကုန်သွယ်ရေး ဆိပ်ကမ်းမှ မြန်မာနိုင်ငံသား တဦးက “ အခု ဖမ်းရတဲ့ ဘုတ်မှာ သစ်တန်ချိန် ၇၀ နဲ့ အရက် ၃၆၀ ပုလင်း ပါလာပါတယ်။ ဘီယာ ပါကင်ကတော့ ၃၀ ပါတယ်လို့ သိရပါတယ်။ ဒီနေ့ မနက် က အုန်းကျွန်းကနေ တက်ကနက် ဆိပ်ကမ်းကို အ၀င်မှာ သတင်းအရ ဘင်္ဂလာ ရေတပ်က လမ်းက ဖြတ်ပီး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရ ဘုတ်မှာ “ အောင်ဖြိုးကျော်” ဖြစ်ပြီး စစ်တွေမြို့မှ စီးပွားရေး သမား တဦးပိုင်ဆိုင်ကာ ဘုတ်ပေါ်တွင်ပါလာသော သစ်များကို ပုသိမ်မြို့မှ စီးပွားရေး သမား တဦးပိုင်ဆိုင်ကြောင်း သိရသည်။

“ သစ်တွေကို ဧရာဝတီတိုင်း ဘောမိကျွန်းကနေ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အရက်နဲ့ ဘီယာတွေကိုတော့ သူတို့ အမြတ်ရလို ရငြား ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှာ မြန်မာက သစ်တွေကို တရားဝင် ၀ယ်ယူပေမယ့် အရက်နဲ့ ဘီယာ တင်သွင်းခွင့်ကိုတော့ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် အရက်နဲ့ ဘီယာ တင်သွင်းလာတဲ့အတွက် ခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် သစ်ထုတ်လုပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထား သဖြင့် သူ့နိုင်ငံအတွက် လိုအပ်သော သစ်များကို မြန်မာနိုင်ငံမှ မှာယူတင်သွင်းနေကြသည်။

နယ်စပ်မှ မြန်မာ့ စီးပွားရေး သမား တဦးက “ ဘင်္ဂလာဒေခ်ျ့ကို မြန်မာ နိုင်ငံကနေ တင်သွင်းနေတဲ့ သစ်တွေဟာ မှောင်ခို သစ်တွေ ဖြစ်ပါတယ်။ စစ်အာဏာပိုင်တွေနဲ့ စီးပွားရေး သမားတွေ သူတို့ ကိုယ်ကျိုး အတွက် တင်ပို့နေကြတာ ဖြစ်ပါတယ်။ ဘင်္ဂလာ ဘက်ခြမ်းမှာ ကျတော့ မြန်မာ့က သစ်တွေကို အဖမ်းအဆီး မရှိ တရားဝင် ၀ယ်ယူနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လိုအပ်သော သစ်များကို မော်တော်ဘုတ်ကြီးများ နေ့စဉ် တင်ပို့နေခြင်းကြောင့် ရခိုင်ရိုးမတွင် သစ်မရှိသလောက် ဖြစ်သွားပြီး ယခုအခါ ဧရာဝတီနှင့် တနင်္သာရီဘက်မှ သစ်များကို ရေလမ်းကြောင်းကို အသုံးပြုပြီး ဆက်လက် တင်ပို့ နေကြခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများကို ယခုအခါ တက်ကနက် ရဲစခန်းတွင် ချုပ်နှောင်ထားပြီး နိုင်ငံခြားသားမူနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားမူတို့ဖြင့် ရဲက တရားစွဲဆိုရန် စီစဉ်နေကြောင်း သိရသည်။

Wednesday, April 7, 2010

စစ်တွေတွင် ရီယှားပါး၍ မြို့နိန် လူထုအခက်ကြုံ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သောက်သုံးရီ ယှားပါးမှုကြောင့် မြို့လူထုအနိန်ဖြင့် အခက်အခဲ ကြုံတွိနိန်ရ ကြောင်း သတင်း ရဟိသည်။

ဘောက်သီးစုရပ်ကွက်မှ အိမ်သျှင်မှတဦးက စစ်တွေတွင် ရီယှားပါးနိန်ကြောင်းကို ယခုကဲ့သို့ ပြောသည်။

“စစ်တွေမှာ အဂု တဗျင်း ပူပါရေ။ ရီကလည်း မလာပါ။ အဂု ကန်တော်ကြီးက ပီးရေရီက လည်း လုံးဝ မလာ သလောက်ပါ။ ၃ ရက်မှ တခါ လာပါရေ။ ယကေလေ့ တဖေ့ချေရာ လာပါရေ။ ရီက ကကောင်းကို အခက် အခဲဟိပါရေ။ အဂု အပြင်က ဝယ်သုံးနိန်ရလို့ ဖေ့သာ အကုန်အကျလည်း များနိန်ရပါရေ။”

စစ်တွေမြို့တွင် အာဏာပိုင်များမှ ရီပီးဝီမှုကို ပိုက်လိုင်းစနစ်ဖြင့် စစ်တွေ ကန်တော်ကြီးမှတဆင့် ပီးဝီခြင်း ဖြစ်သော်လည်း နှစ်ရက် တကြိမ် သုံးရက် တကြိမ်သာ ပီးဝီ နိန်သဖြင့် ယခုကဲ့သို့ စစ်တွေ လူထု အခက်ကြုံနိန်ရခြင်း ဖြစ်သည်။

“ရီပီးစော်က ရက်သတ်မှတ်ထားစော်လည်း မဟိပါ။ လာချင်ရေ အချိန်လာပါရေ။ မလာချင်ကေ မလာပါ။ ယကေလေ့ ရီခ လစဉ် ကြေးကိုတော့ ပုံမှန် သူရို့ လာကောက်ပါရေ။ ရီတင်စက် တပ်ဆင် ထားရေ အိမ်ကဆိုကေ တလမှာ ၂၀၀၀ ကျပ်ပီး ရပြီးကေ ရိုးရိုးအိမ်တိဆိုကေ တလကို ၁၀၀၀ ပီးရပါရေ။” ဟု သူမက ဆက်ပြောသည်။

ယခုကဲ့သို့ ရီယှားပါးမှုကြောင့် အပြင်မှ ရေဝယ်ယူသုံးစွဲနိန်ရသဖြင့် တနိလျှင် ရီဖိုး အနည်းဆုံး ကျပ်ငွေ ၆၀၀ အထိ ကုန်ကျကြောင်း ရူပမြောက်ရပ်ကွက်မှ လူကြီးတဦးကပြောသည်။

“ရီယှားစော်က စစ်တွေ တမြို့လုံး နီးပါး ပါ။ ရီတွင်းရို့၊ အဝီစိတွင်း ရီစက်ရို့ ဟိရေ နိန်ရာတိမှာက နည်းနည်း သက်သာပါရေ။ ရီမလာလို့ အပြင်က ရီဝယ်ယူ သုံးရစော်က ငွေအကုန်ကျ များနိန်ပါရေ။ တနိကို အနည်းဆုံး ၆၀၀ နန့် ၇၀၀ ကျပ်ခန့် ကုန်ပါရေ။”

ရခိုင်ပြည်နယ်မှာ မိုးရာသီတွင် တနှစ် မိုးရီချိန်လက်မ ၁၂၀ ကျော်ထိ ရွာသွန်းသော်လည်း နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် သောက်သုံးရီ ရဟိမူကို စနစ်တကျ စီစဉ်မူ မဟိသဖြင့် နှစ်စဉ် နွေရာသီ ရောက်တိုင်း စစ်တွေမြို့တွင် သာမက နယ်မြို့များနှင့် ကျေးလက်တောရွာများတွင် ရီယှားပါးသည်ဟု သိရသည်။

နအဖ စစ်အစိုးရ အနိန်ဖြင့် ရခိုင်လူထု အဓိက အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ရီနှင့် လျှပ်စစ်မီး ရဟိအောင် စီစဉ် ဆောင်ရွက်ပီးနိုင်ခြင်း မဟိသဖြင့် နအဖ စစ်အစိုးရမှ သူ့အစိုးရ လက်ထက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာခသည်ဟု ပြောဆိုနိန်မူ အပေါ် ရခိုင်ပြည်သူများက အယုံအကြည် မဟိ ဖြစ်နိန်ကြသည်ဟု သိရသည်။

ရီယှားပါးနိန်သော အဓိက ရပ်ကွက်များမှာ ရွှေပြား၊ ဘောက်သီးစု၊ ဆင်ကူးလမ်း၊ အုန်းတပင်၊ ပါဒလိပ်ချိတ်၊ ကျောင်းတက်လမ်းနှင့် လမ်းမတော် စသည့် ရပ်ကွက်များ ဖြစ်ပြီး အသစ် တည်ဆောက်ထားသော ဆင်ခြေဖုံး ရပ်ကွက်များတွင် အခြေအနေမှာ ပိုမို ဆိုးရွားနိန်သည်ဟု သိရသည်။

သတင်း - မင်းဆက်ခိုင်(နိရဉ္စရာ)

မလေးသျှားရောက် ရခိုင်လူငယ် တဦး ဓာတ်လိုက် သီဆုံး

မြန်မာနိုင်ငံမှ မလေးသျှားနိုင်ငံဟိ ဂျိုဟိုးဘာရူးမြို့ တွင် တရားဝင် လားရောက် အလုပ် လုပ်ကိုင်နိန်သော ရခိုင် လူငယ် တဦးသည် ဧပြီလ ၃ ရက်နိက ကာရန်း လျှော့ဖြစ်ကာ ဓာတ်လိုက် သီဆုံး လားကြောင်း နိရဉ္စရာက သတင်း ရဟိသည်။

သီဆုံးလားသူမှာ ကိုမောင်မြင့်စိုး (၃၀နှစ်)ဖြစ်ပြီး ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ် မယူကမ်း ကုလားချောင်း ကျေးရွာမှ ဖြစ်သည်။

သီဆုံးသွားသူ အစ်ကိုဖြစ်သူ ကိုစိုးအောင်က ကိုမောင်မြှင့်စိုး သီဆုံးလားပုံကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော့ ညီချေက ယင်းနိ စက်ရုံက အလုပ်လုပ်ပြီးကေ အိမ်ကို ပြန်လာပါရေ။ အိမ်ကို ရောက်လို့ ရီချိုးခန်းမှာ ရီဝင်ချိုးပါရေ။ ရီချိုးခန်းထဲမှာဘဲ ကာရန်း လျှော့လိုက်ဖြစ်ပြီး ဓာတ်လိုက် သီဆုံးလားခပါရေ။ ဆီးရုံကို ချက်ချင်း ယူဆောင်ကေလေ့ သူကို မကယ်နိုင်လိုက်ပါ။ ”

သူ့ကို ချက်ချင်း ဂျိုဟိုးဘာရူးမြို ဆီးရုံကို ယူဆောင်လားခသော်လည်း သူမှာ အိမ်မှာကတည်းက သီဆုံးလားခဗျာယ်ဖြစ်ကြောင်း သိရသည်။

သူ၏ ညီဖြစ်သူ ကိုစိုးလင်းထွန်းကလည်း သူအစ်ကို သီဆုံးလားသဖြင့် အထူး ၀မ်းနည်းကြောင်းကို ယခုကဲသို့ ပြောသည်။

“ကိုမောင်မြင့်စိုးက ကျွန်တော် အထက်က ဖြစ်ပါရေ။ ကျွန်တော်ရို့ ညီအစ်ကို သုံးယောက် စလုံးက မလေးမှာ လာပြီး အလုပ် လုပ်နိန်ကတ်စော်ပါ။ သူသီလားစော်ကိုရာ အမင်ရာကြားကေ အရူးတပိုင်း ဖြစ်လား နိုင်ပါရေ။”

ကိုမောင်မြင့်စိုး၏ မိခင်မှာ ဒေါ်စောမြ ဖြစ်ပြီး ကုလားချောင်းကျေးရွာတွင် နိန်ထိုင်နိန်သည်ဟု သိရသည်။

သူသီဆုံးမူအတွက် အလုပ်သျှင်ထံမှ လျော်ကြေး တောင်းထားသော်လည်း ယခုအချိန်ထိ တစုံတရာ အကြောင်း ပြန်ကြားခြင်း မဟိသိကြောင်း သိရသည်။

သတင်း - ခိုင်ခိုင်စံ(နိရဉ္စရာ)

 
Free Host | new york lasik surgery | cpa website design